No(1405), Myintawthar Street, Thaketa Township, Yangon
Dekiru

Japanese Language Center

ဂျပန်နိုင်ငံသို့ပညာသင်သွားချင်သူများ/အလုပ်သွားရောက်လုပ်ကိုင်လိုသူများအတွက်

  1. ဂျပန်စာ၊စကားသင်ကြားပေးခြင်း
  2. ဂျပန်ကျောင်းလျှောက်ထားပေးခြင်း
  3. အလုပ်အင်တာဗျူးချိတ်ဆက်ပေးခြင်း
  4. နေထိုင်ရန်အဆောင်စီစဉ်ပေးခြင်း
  5. စာမေးပွဲဖြေဆိုရန်လျှောက်ထားပေးခြင်း
  6. အင်တာဗျူးလေ့ကျင့်ပြင်ဆင်ပေးခြင်း
DEKIRU ကျောင်း၏ဝန်ဆောင်မှုနှင့်အားသာချက်များ
  • ဂျပန်စာ level (N5 to N1) အတန်းများကိုဂျပန်ပညာတော်သင်အတွေ့အကြုံရှိ JLPTN1 level ကိုအကြိမ်ကြိမ်အောင်မြင်ထားပြီး Japan Foundation မှပေးသည့် Teacher training program ကိုပြီးမြောက်ထားသောဆရာကိုယ်တိုင်ဦးစီး သင်ကြားခြင်း။
  • ဂျပန်နိုင်ငံသို့ပညာသင်သွားလိုသူများအတွက် Tokyo, Yokohama saitamaစသည့်မြို့ကြီးများတွင် ရှိသောကျောင်းများကိုချိတ်ဆက် ပို့ဆောင်ပေးနေပြီးယခုအချိန်ထိလျှောက်ထားသူအားလုံး၁၀၀% COE အောင်မြင်အောင်ဆောင်ရွက်ထားပေးနိုင်ခြင်း။
  • ဂျပန်သို့အလုပ်ဖြင့်သွားလိုသူများအတွက်မြန်မာဘက်မှတရားဝင်အေဂျင်စီများဖြင့်ချိတ်ဆက်ထားသည့်အပြင်ဂျပန်ဘက်မှကုမ္ပဏီများဖြင့်တိုက်ရိုက်ချိတ်ဆက်ထားသောကြောင့် အချိန်တိုအတွင်းအင်တာဗျူးဝင်နိုင်ရန်ပံ့ပိုးပေးနိုင်ခြင်း။
  • ကျောင်းမှာတက်ရောက်ပြီးယခင်နှစ်များတွင်စာမေးပွဲဝင်ရောက်ဖြေဆိုသူအားလုံး၁၀၀% စာမေးပွဲအောင်မြင်ထားပြီးအမှတ်ပြည့်ရသူများရှိခြင်းကြောင့်စာမေးပွဲအတွက်စိတ်ပူစရာမလိုဘဲအချိန်တိုအတွင်းစာရောစကားပါကျွမ်းကျင်ပြီးဂျပန်နိုင်ငငံသို့ အမြန်ဆုံးရောက်ရှိနိုင်အောင်ပံ့ပိုးဆောင်ရွက်ပေးနေပါသည်။

နယ်မှလာရောက်တက်ချင်သူများအတွက်အဆောင်စီစဉ်ပေးပါသည်

DEKIRU ကျောင်းမှဖွင့်လှစ်သင်ကြားပေးနေသောအတန်းများ

  • ကျောင်းတွင်ဖွင့်လှစ်သင်ကြားပေးနေသော N5, N4, N3, N2 level class အတန်းများ

N5 to N1 level classများ

  • JLPT, Nat-test Exam များကိုအမှတ်ကောင်းကောင်းဖြင့်ဖြေဆိုနိုင်ရန်

စာမေးပွဲအတွက်ပြင်ဆင်ပေးပြီးစာမေးပွဲ လျှောက်လွှတင်ပေးခြင်း။

  • စာအပြင်ဘာသာစကားလေ့လာရာမှာအရေးကြီးဆုံးဖြစ်သောစကားပြော

အပိုင်းကိုနေ့စဉ်အချိန်ပေးလေ့ကျင့်မှုများလုပ်ပေးပါသည်။

  • ဂျပန်ပညာသင်သွားချင်သူများအတွက်ချိတ်ဆက်လျှောက်ထားပေးနေသော

ဂျပန်ရှိကျောင်းများ (ယခင်နှစ်များကျောင်းလျှောက်ပေးထားသူအားလုံး ၁၀၀% ကျောင်းဝင်ခွင့် COE အောင်မြင်ထားပါသည်)

  • အလုပ်နှင့်သွားချင်သူများအတွက် အင်တာဗျူးချိတ်ဆက်ပေးနေသောလုပ်ငန်းများ – စားသောက်ဆိုင်လုပ်ငန်း ၊ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ၊ စိုက်ပျိုးရေးလုပ်ငန်း

Tokutei Exam Class များ

  • စာမေးပွဲဖြေနိုင်ရန်စာတွေလက်တွေ့များဖြင့်သင်ကြားပြသပေးခြင်း။
  • စာမေးပွဲလျှောက်လွှာတင်ပေးခြင်းဝန်ဆောင်မှုပြုလုပ်ပေးခြင်း။
  • ကျောင်းမှစာမေးပွဲအောင်မြင်ထားသူများအင်တာဗျူးချိတ်ဆက်ပေးခြင်းနှင့်

အင်တာဗျူးကြိုတင်လေ့ကျင့်မှုများဆောင်ရွက်ပေးပါသည်။

Reviews

What Students Say

Some description text for this item

Myo Thu Zar Win

Dekiru Japanese language Center မှာ N3 classကိုစတက်ကတည်းကဆရာ့ရဲ့စာသင်ကောင်းမှု၊တပည့်တွေကိုဂရုစိုက်ပြီးအဆောင်နေတာလည်းသပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းပဲ။ရန်ကုန်အနေထားနဲ့ပေးရတဲ့ပိုက်ဆံနဲ့တန်တယ်။မိန်းကလေးတွေသီးသန့်တိုက်ခန်းဆိုတော့လုံခြုံမှုလည်းရှိတယ်။စာနဲ့ပတ်သတ်တာဖစ်ဖစ်စာမေးပွဲရောဂျပန်ကိစ္စနဲ့ရောမသိတာရှိရင်လည်းစိတ်ရှည်လက်ရှည်ရှင်းပြတယ်။group Tripသွားရတာလေးတွေရောပဲ။စာမေးပွဲဖောင်ဆိုရင်လည်းသင်တန်းကနေတင်ပေးတယ်။စာမေးပွဲနီးလာရင်လည်းမေးခွန်းဟောင်းတွေအများကြီးလေ့ကျင့်ပေးတယ်။ပြီးရင်အင်တာဗျူးကလည်းမကြာမကြာရှိတယ်။ကိုယ်တွေဆိုN4အောင်ပြီးသိပ်မကြာဘူး။ဝင်ဖြေရတာပဲ။ခုတော့ဂျပန်ရောက်နေပါပြီ။ဂျပန်အိမ်မက်ရှိတဲ့လူငယ်တွေကိုတကယ်ဖစ်လာအောင်ကူညီပေးတဲ့သင်တန်းပါပဲ။သင်တန်းရဲ့စည်းစနစ်ကျမှုတွေနဲ့ဆရာရဲ့သင်ကြားပေးမှုတွေကိုအမြဲတမ်းအမှတ်ရနေပါတယ်ရှင့်။ဆရာကိုလည်း ကျေးဇူးတင်ပါတေရှင့် ။ ဂျပန်သွားချင်တဲ့‌သူတွေ 100% recommend ပေးပါတေ။ လာတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နှော်みなさん။

Myo Thu Zar Win
Japanese Language Course

Yoon Wady Kyaw

ဂျပန်သွားချင်တယ်ဆိုတဲ့လူငယ်တွေအတွက်မြန်မြန်ဆန်ဆန်နဲ့အိပ်မက်တွေအကောင်အထည်‌အမြန်ဆုံးဖော်နိုင်ဖို့အတွက်သင်တန်းကောင်းလေးတစ်ခုကိုပြောပြပေးချင်လို့ပါ☺️
ယွန်းက2023.9လပိုင်းမှာDekiruဆိုတဲ့ဂျပန်သင်တန်းကျောင်းမှာစjoin ခဲ့တယ်
စစjoinတုန်းကတော့ယွန်းလဲသူများလိုလိုင်းပေါ်ကတွေ့လို့joinလိုက်ပေမယ့်အဆင်ပြေပါ့မလားဆိုပြီးစိတ်ပူခဲ့ရတယ်။ယွန်းကနယ်ကဆိုတော့နေရထိုင်ရတာကအစ၊အင်တာဗျူးထည့်ပေးပါ့မလား၊အလုပ်ခေါ်စာကမြန်ပါ့မလားအစရှိသဖြင့်စိတ်ပူခဲ့ရတယ်။ဒါမဲ့တကယ်Dekiru ကိုရောက်တဲ့အချိန်မှာတော့ဆရာကစာအသင်အပြကောင်းသလိုအဆောင်နေဖို့ကအစစီစဉ်ပေးထားတော့နေဖို့ထိုင်ဖို့ကစိတ်ပူစရာမလိုတော့ဘူးရယ်။အင်တာဗျူးဝင်ဖို့အတွက်ကျတော့လက်မှတ်စုံတာနဲ့စောင့်နေစရာမလိုဘဲတန်းထည့်ပေးတော့ပိုအဆင်ပြေတယ်ရယ်။ယွန်းဆို2024.10လပိုင်းမှလက်မှတ်စုံတာရယ်ဒါမဲ့ဆရာကအင်တာဗျူးတန်းထည့်ပေးတော့တစ်ခါထဲအောင်ခဲ့တယ်။
ဆရာ့ဆီမှာကအလုပ်နဲ့တင်မဟုတ်ဘဲကျောင်းနဲ့ဆိုလဲcoeလျှောက်ရတာလဲအဆင်ပြေပြီးတာဝန်ယူမှုတာဝန်ခံမှူအပြည့်ပေးတယ်။ယွန်းတို့ဆိုအကုန်လုံးသိတဲ့အတိုင်းအခက်အခဲတွေအများကြီးထဲကနေအခုဂျပန်မှာအလုပ်ဝင်နေကြပြီးအဆင်ပြေပြေရှိကြတယ်။အဲ့ဒါကြောင့်皆さんတို့လဲမြန်မြန်ဆန်ဆန်နဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ဂျပန်သင်တန်းတက်ချင်တယ်ဆိုDekiruဂျပန်စာသင်တန်းကျောင်းကိုရွေးချယ်ဖို့100%recommentပေးချင်ပါတယ်။
Yoon Wady Kyaw
Japanese Language Course

May Zin

Dekiruဂျပန်စာသင်တန်းကျောင်းမှာn5ကတည်းကစတက်ခဲ့တာပါ။ ဂျပန်စာစသင်တဲ့အချိန် ဂျပန်သွားချင်တဲ့စိတ်သာရှိပီး ဘယ်လိုလုပ်ရမယ် ဘယ်လိုသွားရမယ်ဆိုပီး ဘာနည်းလမ်းမှမသိခဲ့ပါဘူး။ ဆရာစာသင်ပြပေးရုံမက သွားရမဲ့နည်းလမ်းများကိုပြောပြပေခဲ့ပါတယ်။ အဲ့ဒါကြောင့် သင်တန်းစတက်ပြီး(၁၀)လအတွင်းအင်တာဗျူးအောင်ပြီး ၁နှစ်ကျော်အတွင်းဂျပန်ရောက်အောင်လာနိုင်ခဲ့ပါတယ်။ ကြားတဲ့ကအခက်အခဲတွေကြောင့် အချိန်ပိုကြာပေမဲ့ ဆရာက မရောက် ရောက်အောင်ပို့ပေးခဲ့ပါတယ်။ အိမ်မက်တွေလဲအကောင်အထည်ဖော်ခွင့်ရပါတယ် အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆရာ😍ဆရာရဲ့သင်တန်းကယုံကြည့်စိတ်ချရပီး နယ်ကလာတဲ့သူတွေအတွက်အဆောင်စီစဉ်ပေးတာမို့ ခက်အခဲမရှိအဆင်ပြေပါတယ်။ အဆောင်ကစျေးနဲ့နီးပြီး မိမိကိုယ်တိုင်စိတ်ကြိုက်ချက်ပြုတ်စားနိုင်တာမို့ အဆင်ပြေပါတယ်ရှင့်။ ဒါကြောင့်ကျမရဲ့ညမလေးနဲ့အသိကိုလည်း Dekiru ဂျပန်စာသင်တန်း ကျောင်းမှာဘဲ သင်တန်းအပ်ပေးဖြစ်ခဲ့ပါတယ်။ ကျောင်းနဲ့သွားချင်တဲ့သူတွေအတွက်လဲအဆင်ပြေပါတယ်ရှင့် ။အလုပ်နဲ့ဖြစ်ဖြစ်၊ ကျောင်းနဲ့ပဲဖြစ်ဖြစ် ဂျပန်သွားချင်တယ်သူတေရှိရင် Dekiru Japanese Language Center ကို recommend ပေးပါတယ်ရှင့်။ မိမိတို့ဆန္ဒကိုအကောင်ဆုံးအကောင်အထည်ဖော်နိုင်ဖို့အတွက် Dekiru Japanese Language Centerရှိပါတယ်ရှင့်😍
May Zin
Japanese Language Course