No(1405), Myintawthar Street, Thaketa Township, Yangon
DEKIRU

Japanese Language Center

Some description text for this item

Dekiru Japanese Language Center သည်မြန်မာနိုင်ငံ၏အချက်အချာကျသောရန်ကုန်မြို့လမ်းပန်းဆက်သွယ်ရေးလွယ်ကူသောနေရာတွင်တည်ရှိပြီးလက်ရှိဂျပန်စာလေ့လာသူဦးရေ၁၅၀ခန့်တက်ရောက်ပညာသင်ကြားနေပါသည်။နယ်မြို့မှလာရောက်သူများအတွက်လည်းနေထိုင်စားသောက်ရေးအဆင်ပြေရန်ကျောင်းသားအဆောင်များစီစဉ်ပေးထားပါသည်။ဂျပန်နိုင်ငံသို့ပညာသင်သွားရောက်လိုသူများနှင့်တရားဝင်အလုပ်အကိုင်သွားရောက်လုပ်ကိုင်လိုသူလူငယ်များအတွက်ဂျပန်စာအခြေခံမှအဆင့်မြင့်လယ်ဗယ်များအထိသင်ကြားပေးလျက်ရှိပါသည်။ ဂျပန်နိုင်ငံပညာသင်သွားရောက်လိုသူများအတွက်ဂျပန်နိုင်ငံမြို့ကြီးများရှိ Language School များနှင့်တိုက်ရိုက်ချိတ်ဆက်ကာပို့ဆောင်ပေးနေပါသည်။ဂျပန်တွင်အလုပ်လုပ်ကိုင်သူလူငယ်များအတွက်လည်းဂျပန်ရှိလုပ်ငန်းရှင်များနှင့်တိုက်ရိုက်ချိတ်ဆက်ကာမြန်မာရှိတရားဝင်မိတ်ဖက်အေဂျင်စီမှတဆင့်ချိတ်ဆက်ပို့ဆောင်ပေးလျက်ရှိပါသည်။ကျွနုပ်တို့ Dekiru ကျောင်းသည်ဂျပန်စာလေ့လာခြင်းမှတဆင့်လူငယ်တွေရဲ့အနာဂါတ်အိပ်မက်ကိုအကောင်ထည်ဖော်နိုင်စေရန်အစွမ်းကုန်ပံ့ပိုးကူညီပေးသွားပါမည်။ဂျပန်ပညာရေးအတွက်စိတ်ဝင်စားသူများ Dekiru Japanese Language Center သို့လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

Our Dekiru Japanese Language Center is located in Yangon, the center of Myanmar, with easy access to transportation. Currently, there are about 150 Japanese language students studying there. We also provide student dormitories for those who come from the surrounding areas to provide comfortable accommodation . We teach Japanese from basic to advanced levels for those who want to study in Japan and those who want to work legally. We provide direct connections with language schools in major cities in Japan for those who want to study in Japan. We also provide direct connections with Japanese employers and official partner agencies in Myanmar for young people who want to work in Japan. We, Dekiru School, will do our best to help young people realize their future dreams through Japanese language learning. Those who are interested in Japanese education are invited to visit Dekiru Japanese Language Center and inquire.

Why Dekiru

In Numbers

0
Teachers
0
Learning Programs
0
Students
0
Language Trainings
Reviews

What Students Say

Some description text for this item

Myo Thu Zar Win

Dekiru Japanese language Center မှာ N3 classကိုစတက်ကတည်းကဆရာ့ရဲ့စာသင်ကောင်းမှု၊တပည့်တွေကိုဂရုစိုက်ပြီးအဆောင်နေတာလည်းသပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းပဲ။ရန်ကုန်အနေထားနဲ့ပေးရတဲ့ပိုက်ဆံနဲ့တန်တယ်။မိန်းကလေးတွေသီးသန့်တိုက်ခန်းဆိုတော့လုံခြုံမှုလည်းရှိတယ်။စာနဲ့ပတ်သတ်တာဖစ်ဖစ်စာမေးပွဲရောဂျပန်ကိစ္စနဲ့ရောမသိတာရှိရင်လည်းစိတ်ရှည်လက်ရှည်ရှင်းပြတယ်။group Tripသွားရတာလေးတွေရောပဲ။စာမေးပွဲဖောင်ဆိုရင်လည်းသင်တန်းကနေတင်ပေးတယ်။စာမေးပွဲနီးလာရင်လည်းမေးခွန်းဟောင်းတွေအများကြီးလေ့ကျင့်ပေးတယ်။ပြီးရင်အင်တာဗျူးကလည်းမကြာမကြာရှိတယ်။ကိုယ်တွေဆိုN4အောင်ပြီးသိပ်မကြာဘူး။ဝင်ဖြေရတာပဲ။ခုတော့ဂျပန်ရောက်နေပါပြီ။ဂျပန်အိမ်မက်ရှိတဲ့လူငယ်တွေကိုတကယ်ဖစ်လာအောင်ကူညီပေးတဲ့သင်တန်းပါပဲ။သင်တန်းရဲ့စည်းစနစ်ကျမှုတွေနဲ့ဆရာရဲ့သင်ကြားပေးမှုတွေကိုအမြဲတမ်းအမှတ်ရနေပါတယ်ရှင့်။ဆရာကိုလည်း ကျေးဇူးတင်ပါတေရှင့် ။ ဂျပန်သွားချင်တဲ့‌သူတွေ 100% recommend ပေးပါတေ။ လာတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နှော်みなさん။

Myo Thu Zar Win
Japanese Language Course

Yoon Wady Kyaw

ဂျပန်သွားချင်တယ်ဆိုတဲ့လူငယ်တွေအတွက်မြန်မြန်ဆန်ဆန်နဲ့အိပ်မက်တွေအကောင်အထည်‌အမြန်ဆုံးဖော်နိုင်ဖို့အတွက်သင်တန်းကောင်းလေးတစ်ခုကိုပြောပြပေးချင်လို့ပါ☺️
ယွန်းက2023.9လပိုင်းမှာDekiruဆိုတဲ့ဂျပန်သင်တန်းကျောင်းမှာစjoin ခဲ့တယ်
စစjoinတုန်းကတော့ယွန်းလဲသူများလိုလိုင်းပေါ်ကတွေ့လို့joinလိုက်ပေမယ့်အဆင်ပြေပါ့မလားဆိုပြီးစိတ်ပူခဲ့ရတယ်။ယွန်းကနယ်ကဆိုတော့နေရထိုင်ရတာကအစ၊အင်တာဗျူးထည့်ပေးပါ့မလား၊အလုပ်ခေါ်စာကမြန်ပါ့မလားအစရှိသဖြင့်စိတ်ပူခဲ့ရတယ်။ဒါမဲ့တကယ်Dekiru ကိုရောက်တဲ့အချိန်မှာတော့ဆရာကစာအသင်အပြကောင်းသလိုအဆောင်နေဖို့ကအစစီစဉ်ပေးထားတော့နေဖို့ထိုင်ဖို့ကစိတ်ပူစရာမလိုတော့ဘူးရယ်။အင်တာဗျူးဝင်ဖို့အတွက်ကျတော့လက်မှတ်စုံတာနဲ့စောင့်နေစရာမလိုဘဲတန်းထည့်ပေးတော့ပိုအဆင်ပြေတယ်ရယ်။ယွန်းဆို2024.10လပိုင်းမှလက်မှတ်စုံတာရယ်ဒါမဲ့ဆရာကအင်တာဗျူးတန်းထည့်ပေးတော့တစ်ခါထဲအောင်ခဲ့တယ်။
ဆရာ့ဆီမှာကအလုပ်နဲ့တင်မဟုတ်ဘဲကျောင်းနဲ့ဆိုလဲcoeလျှောက်ရတာလဲအဆင်ပြေပြီးတာဝန်ယူမှုတာဝန်ခံမှူအပြည့်ပေးတယ်။ယွန်းတို့ဆိုအကုန်လုံးသိတဲ့အတိုင်းအခက်အခဲတွေအများကြီးထဲကနေအခုဂျပန်မှာအလုပ်ဝင်နေကြပြီးအဆင်ပြေပြေရှိကြတယ်။အဲ့ဒါကြောင့်皆さんတို့လဲမြန်မြန်ဆန်ဆန်နဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ဂျပန်သင်တန်းတက်ချင်တယ်ဆိုDekiruဂျပန်စာသင်တန်းကျောင်းကိုရွေးချယ်ဖို့100%recommentပေးချင်ပါတယ်။
Yoon Wady Kyaw
Japanese Language Course

May Zin

Dekiruဂျပန်စာသင်တန်းကျောင်းမှာn5ကတည်းကစတက်ခဲ့တာပါ။ ဂျပန်စာစသင်တဲ့အချိန် ဂျပန်သွားချင်တဲ့စိတ်သာရှိပီး ဘယ်လိုလုပ်ရမယ် ဘယ်လိုသွားရမယ်ဆိုပီး ဘာနည်းလမ်းမှမသိခဲ့ပါဘူး။ ဆရာစာသင်ပြပေးရုံမက သွားရမဲ့နည်းလမ်းများကိုပြောပြပေခဲ့ပါတယ်။ အဲ့ဒါကြောင့် သင်တန်းစတက်ပြီး(၁၀)လအတွင်းအင်တာဗျူးအောင်ပြီး ၁နှစ်ကျော်အတွင်းဂျပန်ရောက်အောင်လာနိုင်ခဲ့ပါတယ်။ ကြားတဲ့ကအခက်အခဲတွေကြောင့် အချိန်ပိုကြာပေမဲ့ ဆရာက မရောက် ရောက်အောင်ပို့ပေးခဲ့ပါတယ်။ အိမ်မက်တွေလဲအကောင်အထည်ဖော်ခွင့်ရပါတယ် အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆရာ😍ဆရာရဲ့သင်တန်းကယုံကြည့်စိတ်ချရပီး နယ်ကလာတဲ့သူတွေအတွက်အဆောင်စီစဉ်ပေးတာမို့ ခက်အခဲမရှိအဆင်ပြေပါတယ်။ အဆောင်ကစျေးနဲ့နီးပြီး မိမိကိုယ်တိုင်စိတ်ကြိုက်ချက်ပြုတ်စားနိုင်တာမို့ အဆင်ပြေပါတယ်ရှင့်။ ဒါကြောင့်ကျမရဲ့ညမလေးနဲ့အသိကိုလည်း Dekiru ဂျပန်စာသင်တန်း ကျောင်းမှာဘဲ သင်တန်းအပ်ပေးဖြစ်ခဲ့ပါတယ်။ ကျောင်းနဲ့သွားချင်တဲ့သူတွေအတွက်လဲအဆင်ပြေပါတယ်ရှင့် ။အလုပ်နဲ့ဖြစ်ဖြစ်၊ ကျောင်းနဲ့ပဲဖြစ်ဖြစ် ဂျပန်သွားချင်တယ်သူတေရှိရင် Dekiru Japanese Language Center ကို recommend ပေးပါတယ်ရှင့်။ မိမိတို့ဆန္ဒကိုအကောင်ဆုံးအကောင်အထည်ဖော်နိုင်ဖို့အတွက် Dekiru Japanese Language Centerရှိပါတယ်ရှင့်😍
May Zin
Japanese Language Course
Information

Contact Us

Some description text for this item

No(1405), Myintawthar Street, Thaketa Township, Yangon