What Students Say
Htet Shwesin Win

Yan Linn Aung

ကျွန်တော် できるဂျပန်စာသင်တန်းမှာ N5ကတည်းက စတက်ခဲ့ပြီး အခုဆို N4 levelကို ဆက်လက်လေ့လာသင်နေပါတယ်။ဂျပန်စာကခက်တယ်။တစ်ခါမှ မသင်ခဲ့ဖူးတော့ အဆင်ပြေပါ့မလား ဆိုပြီး ကျွန်တော်လည်းတွေးခဲ့ဖူးပါတယ်။ဒါပေမယ့် အဲ့စိုးရိမ်စိတ်တွေကို ဘေးချထားလို့ရပါပြီ။ဆရာ့ရဲ့ teaching methodနဲ့တင် ကျွန်တော်တို့ဆီမှာငုပ်လျှိုးနေတဲ့ ဂျပန်စာစိတ်ဝင်စားတဲ့feelingတွေ တဖြည်းဖြည်း ပေါ်လာနိုင်မှာပါ။ဒီသင်တန်းကျောင်းမှာ လက်တွေ့စာသင်ချိန်ပိုများပါတယ်။စာသင်သားတို့ရဲ့ မလုပ်ရဲ၊မပြောရဲ၊မရေးရဲတဲ့စိတ်တွေ လျှော့ချပြီး တတ်ကျွမ်းလာအောင် ညွှန်ပြပေးတဲ့ သင်ကြားမှုမျိုးဖြစ်ပါတယ်။ အဖော်မရှိလို့ စာသင်ချိန်မှာ တစ်ယောက်တည်း ဖြစ်နေမှာကိုလည်း ပူစရာမလိုပါဘူး။အတန်းတွင်း သူငယ်ချင်းအသစ်တွေ ရအောင် အတွေးသစ်၊ဗဟုသုတတွေ ဖလှယ်နိုင်အောင်အတွက်လည်း teamwork projectတွေကိုလည်း လုပ်ခိုင်းပါတယ်။ကိုယ်သာ ဆရာပေးတဲ့အိမ်စာတွေနဲ့ ကိုယ်ပိုင်စာကြည့်ချိန်ကို ပုံမှန်အချိန်ပေးနိုင်မယ်ဆိုရင် သေချာတတ်မြောက်လာမှာပါ။ဆရာနဲ့လည်း ကြောက်စရာမလိုဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရတဲ့ မိသားစုလိုနွေးထွေးမှုမျိုးနဲ့ သင်ကြားပေးတဲ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စရာမလိုဘဲ ပေါ့ပေါ့ပါးပါး သင်ယူနိုင်မှာပါ။ ဒါကြောင့် အနာဂတ်မှာ ဂျပန်မှာကျောင်းတက်ချင်တယ် အလုပ်လုပ်ချင်တယ် ဂျပန်နဲ့ပက်သက်နဲ့နယ်ပယ်တွေမှာ ပါဝင်ချင်တယ်ဆိုရင် できる ဂျပန်စာသင်တန်းကို အထူးအကြံပြုပါရစေ။
May Zin

Yoon Wady Kyaw

Myo Thu Zar Win

Dekiru Japanese language Center မှာ N3 classကိုစတက်ကတည်းကဆရာ့ရဲ့စာသင်ကောင်းမှု၊တပည့်တွေကိုဂရုစိုက်ပြီးအဆောင်နေတာလည်းသပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းပဲ။ရန်ကုန်အနေထားနဲ့ပေးရတဲ့ပိုက်ဆံနဲ့တန်တယ်။မိန်းကလေးတွေသီးသန့်တိုက်ခန်းဆိုတော့လုံခြုံမှုလည်းရှိတယ်။စာနဲ့ပတ်သတ်တာဖစ်ဖစ်စာမေးပွဲရောဂျပန်ကိစ္စနဲ့ရောမသိတာရှိရင်လည်းစိတ်ရှည်လက်ရှည်ရှင်းပြတယ်။group Tripသွားရတာလေးတွေရောပဲ။စာမေးပွဲဖောင်ဆိုရင်လည်းသင်တန်းကနေတင်ပေးတယ်။စာမေးပွဲနီးလာရင်လည်းမေးခွန်းဟောင်းတွေအများကြီးလေ့ကျင့်ပေးတယ်။ပြီးရင်အင်တာဗျူးကလည်းမကြာမကြာရှိတယ်။ကိုယ်တွေဆိုN4အောင်ပြီးသိပ်မကြာဘူး။ဝင်ဖြေရတာပဲ။ခုတော့ဂျပန်ရောက်နေပါပြီ။ဂျပန်အိမ်မက်ရှိတဲ့လူငယ်တွေကိုတကယ်ဖစ်လာအောင်ကူညီပေးတဲ့သင်တန်းပါပဲ။သင်တန်းရဲ့စည်းစနစ်ကျမှုတွေနဲ့ဆရာရဲ့သင်ကြားပေးမှုတွေကိုအမြဲတမ်းအမှတ်ရနေပါတယ်ရှင့်။ဆရာကိုလည်း ကျေးဇူးတင်ပါတေရှင့် ။ ဂျပန်သွားချင်တဲ့သူတွေ 100% recommend ပေးပါတေ။ လာတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နှော်みなさん။
Add Your Testimonial
Required
